ကျွန်တော့်သူငယ်ချင်းတွေအားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ...အဆင်မပြေတာတစ်ခုခုရှိခဲ့ရင် လည်းပြောပြခဲ့ပေးပါ။ (thihagyi7)

လာရောက်လည်ပတ်မှုအတွက်ကျေးဇူးတင်ပါတယ်သူငယ်ချင်း

Thursday, April 28, 2011

Yngwie Malmsteen- Far Beyond the Sun live @ Gods of Metal 08


Vengeance (YNGWIE MALMSTEEN)

"မနက်ခင်းတစ်ခုမွေးဖွားခြင်း" သီချင်းရဲ့ Original သီချင်းပါ


မနက်ခင်းတစ်ခုမွေးဖွားခြင်း (မျိုးကြီး)


ဆည်းဆာအလှ

ဆည်းဆာအလှ (DownLoad)

1.ပြည့်စုံလွန်း (ဇော်ပိုင်)
2.မင်းအတွက်ပဲ (ချစ်သုဝေ)
3.သနပ်ခါးချစ်သူ (အာဇာနည်)
4.ဖူးစာရှင် (နေနေ)
5.ညှို့နိုင်လွန်းတဲ့ကျွန်မချစ်သူ (ချမ်းချမ်း)
6.ယုံပါ (မောင်မောင်ဇော်လတ်)
7.တိတ်တိတ်ကလေး (ကြိုးကြာ)
8.ဝေးနေပေမယ့် (သအို)
9.တစ်သက်လုံးအတွက် (စိုင်းလိတ်)
10.မဝေးတဲ့ချစ်ခြင်း (N ကိုင်ရာ)

ဆာဟာရ

ယူလိုက်

Monday, April 25, 2011

Lay Phyu - A Lwan Myarr


Sunday, April 24, 2011

ဇာတ်သိမ်းခန်း

ကျောခိုင်းထွက်စဉ်
နွေရင်ခွင်အတိ
ရင်၌ ဗလာ
ဟာတာတာ လွမ်း
ခြေတစ်လှမ်းချင်း
ရွေ့လျားရင်းနဲ့
ဇာတ်သိမ်းခန်းမှာ
ကမ္ဘာတစ်ခြမ်းပျက်သွားပြီ..

BY  M.H.M

နှစ်သက်မိသောကဗျာအပိုင်းအစ (၂)

သင့်အသည်းကို
ငါခွဲသည်ဟု
လိမ်လည်လှည့်ဖြှား
ငိုကြွေးထားလည်း
အတည်တကယ်
သတ္တိရှိက
ရင်ဝယ်ဝှက်ထား
အသဲများကို
စကားပြောခိုင်းကြည့်ရအောင်...

ငပျင်း

ရွာတစ်ရွာတွင်လွန်စွာပျင်းရိသောငပျင်းတစ်ယောက်ရှိလေသည်..
တစ်နေ့ ရွာသူကြီးဦးမြတစ်ယောက်လမ်းလျှောက်ထွက်လာရာ ငပျင်းတစ်ယောက်ထင်းခွဲနေတာကိုတွေ့၍
"ဟာ.. ဟေ့ကောင်ငပျင်း ထင်းတွေဘာတွေခွဲလို့ပါလားကွ"
"ဟုတ်ကဲ့ ဦးမြရေ"
"အံမယ်..ငါ့ကောင်ဒီလိုဆိုတော့မပျင်းတော့ပါလားကွ"
"ဟုတ်တယ်ဗျ ကျွန်တော်အိပ်ပြီးခွဲဖို့ကြိုးစားသေးတယ် အဆင်မပြေလို့"

Saturday, April 23, 2011

မင်းကျေနပ်သွားဖို့တစ်ခုထဲပါ

မလိုချင်ရင်နေပါ
ငါအတင်းမပေးပါဘူး..
မယူချင်ရင်နေပါ
ငါအပြစ်မဆိုသာပါဘူး..
မင်းအတွက်အလိုအပ်ဆုံးဟာ
ငါမဟုတ်ခဲ့ရင်တောင်
ငါ့အတွက်အလိုအပ်ဆုံးက
မင်းကျေနပ်သွားဖို့
တစ်ခုထဲပါပဲ...

နှစ်သက်မိသောကဗျာအပိုင်းအစ (၁)

ဒုက္ခချိုပါ
မာယာမိုးတိမ်
ယှက်ခိုးလိမ်လျှက်
အိမ်မက်မျှသည်
အလည်လာသော
သစ္စာတရား
နားကြားခါးသက်
ယုံကြည်ခက်လည်း
တစ်စက်တစ်ပေါက်
စို့သောက်ခဲ့ဘူး
မေတ္တာဦးရေ
မူးဝေဝေနှင့်
ကျိန်စာသင့်တေး
ရင်၌ရေးဖွဲ့
အသင်ကြားရဲ့နော်..

အခုဖြစ်စေ

မျက်ဝန်းတစ်မှိတ်မှာ
မင်းကို
ခဏလေးပဲမေ့မယ်ဆိုရင်..
အဆိပ်ရှိသောရှင်သန်မှု
ငါ့ကမ္ဘာတစ်သက်
အခုဖြစ်စေ..

Friday, April 22, 2011

Thursday, April 21, 2011

Monday, April 18, 2011

နတ်သမီး

အိမ်မက်ထဲမှာ
တွေ့ဖို့မဆိုထားနဲ့
အိပ်ပျော်အောင်မနည်းကြိုးစားနေရတဲ့
ငါ့ရဲ့ညတွေဟာ
မင်းကခုန်ဖို့အတွက်
အမြဲနိုးထနေပါတယ်...

Sunday, April 17, 2011

လွမ်းချင်းဘယ်သူကူမှာလဲ

တွယ်တာသမျှ
ကွယ်ရာလွင့်ပြေး
ဝေးရတော့မည်..
မျက်ရည်မြစ်ကမ်း
အလွမ်းသဲသောင်
သောကဖောင်ဖွဲ့
မျောလွှင့်ခဲ့ပြီ..
နေခြည်မှေးမှိတ်
ညအရိပ်ထဲ
လရိပ်လည်းကင်း
အမှောင်တွင်းမှာ
လွမ်းချင်းဘယ်သူကူမှာလဲ....


By M.H.M